Followers

Powered by Blogger.

Cbox

RSS

အွန်လိုင်းမှတစ်ဆင့် နာမည်ကြီးစူပါမားကတ် ၅ ခုတွင် ဈေးဝယ်နိုင်တော့မည်

City Mart , Ocean, Balazon, Capital, Orange စသည့် စူပါမားကတ်ကြီးများမှ ကုန်စည်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူရရှိနိုင်ရန် ရတနာပုံ အမျိုးသားဝက်ဘ်ပေါ်တယ်က ဆောင်ရွက်လျက်ရှိကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စီစဉ်ဆောင်ရွက်မှုတွင် ရန်ကုန်မြို့၏ နာမည်ကြီးစူပါးမားကတ် ၅ ခုအပြင် အခြားသော စတိုးဆိုင်များမှ ကုန်စည်များလည်း ပါဝင်မှုရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ အဆိုပါ အွန်လိုင်းဈေးဝယ်မှုကိစ္စရပ်အား www.yatanarpan.com.mm အမည်ရှိသော ၀က်ဘ်ပေါ်တယ်ပေါ်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၀က်ဘ်ပေါ်တယ်တွင် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်နိုင်စေရန် ငွေပေးချေမှုကိစ္စရပ်များကို ပြည်တွင်းပုဂ္ဂလိကဘဏ်နှစ်ခုနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်က ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကြောင့် အွန်လိုင်းငွေပေးချေနိုင်မှု ကိစ္စရပ်ပေါ်ပေါက်လာနိုင်မည်ဖြစ်ပြီး  အဆိုပါ အွန်လိုင်းငွေပေးချေနိုင်မှုကိုအခြေပြု၍ အခြားသော စီးပွားရေးလုပ်ငန်းများ ထပ်မံဖြစ်ထွန်းလာနိုင်မည် ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment